HAVE ANY QUESTIONS?
(+95 9) 404446771
စက်မှုဝန်ကြီးဌာန၊အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၃၅) အကြီးစား စက်ရုံ(အဆင့်မြင့်ကြွေသီးစက်ရုံချောက်) အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် စိတ်ဝင်စားသူများအား ၂၂.၈.၂၀၁၆ ရက် နေ့တွင် စက်မှုဝန်ကြီးဌာနမှ EOI (Expression of Interest) ဖိတ်ခေါ်ရာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တင်သွင်း ရောင်းချလျှက်ရှိသော လုပ်ငန်းတူ မြန်မာနိုင်ငံသားတိုင်းရင်းသား လုပ်ငန်းရှင်(၁၅)ဦး ပူးပေါင်း ဆောင်ရွက်ရန် စိတ်ပါဝင်စားစွာ ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။၂၆.၉.၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်(၁၅)ဦး သည် ပထမ အဆင့်အနေဖြင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတနိုင်ငံတော်သို့ လိပ်မူ၍ စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ (EOI)ပေးပို့ခဲ့ကြပါသည်။ (more…)
ကျွန်တော်များအဖွဲ့သည် Transmission & Distribution နှင့်ဆိုင်သော လိုင်းပစ္စည်းများ၊ စက်ရုံသုံး လျှပ်စစ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျှက်ရှိပြီး ပြည်တွင်းဈေးကွက်၏ ၇၀% အားဖြန့်ဖြူး ရောင်းချပေးနေသော ကုမ္ပဏီ(၁၅)ခုမှ အောင်မြင်သော လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပါသည်။