Welcome To MEB
စက်မှုဝန်ကြီးဌာန၊အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၏ အမှတ်(၃၅) အကြီးစား စက်ရုံ(အဆင့်မြင့်ကြွေသီးစက်ရုံချောက်) အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် စိတ်ဝင်စားသူများအား ၂၂.၈.၂၀၁၆ ရက် နေ့တွင် စက်မှုဝန်ကြီးဌာနမှ EOI (Expression of Interest) ဖိတ်ခေါ်ရာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တင်သွင်း ရောင်းချလျှက်ရှိသော လုပ်ငန်းတူ မြန်မာနိုင်ငံသားတိုင်းရင်းသား လုပ်ငန်းရှင်(၁၅)ဦး ပူးပေါင်း ဆောင်ရွက်ရန် စိတ်ပါဝင်စားစွာ ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။၂၆.၉.၂၀၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင်(၁၅)ဦး သည် ပထမ အဆင့်အနေဖြင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတနိုင်ငံတော်သို့ လိပ်မူ၍ စိတ်ဝင်စားမှု ဖော်ပြခြင်းလျှောက်လွှာ (EOI)ပေးပို့ခဲ့ကြပါသည်။
၉.၁၁.၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော စက်မှုဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး၊ ၁၄.၁၂.၂၀၁၇ ရက်နေ့တွင် ကျင်းပသော စီးပွားရေးရာ ကော်မတီ အစည်းအဝေး နှင့် ၃၀.၁.၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတို့၏ နှစ်ရှည်ငှားရမ်း ဆောင်ရွက်ရန် ခွင့်ပြုချက် ရှိခဲ့ပါသည်။
ခွင့်ပြုချက်အရ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အမှတ်(၃၅) အကြီးစားစက်ရုံ (အဆင့်မြင့် ကြွေသီး စက်ရုံ ချောက်) အား နှစ်ရှည်ငှားရမ်းပြီး အဆင့်မြင့်နည်း ပညာများဖြင့် လျှပ်စစ်ဝန်ကြီးဌာန၏ အဓိက လိုအပ်ချက် ဖြစ်သော စက်မှုဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ ထုတ်ကုန် တိုးမြှင့်ရေးကဏ္ဍ၊ နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံညွှန်း ရရှိရေးကဏ္ဍ တို့တွင် နိုင်ငံသားများဦးဆောင်သော မြန်မာနိုင်ငံ၏ ပထမဆုံး ကုမ္ပဏီတစ်ခု အနေဖြင့် ပါဝင်ကူညီရန် အဓိကဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ရည်မှန်းထားသော ထုတ်လုပ်မှု အရေအတွက် ပြည့်မီစေရန်၊ ပြည်ပသွင်းကုန်ကြမ်းများအား လေ့လာစစ်ဆေးပြီး လိုအပ်သလို ဖြည့်စွက်ရန်၊ နိုင်ငံတကာ အသိအမှတ်ပြု စံချိန်စံညွှန်းဖြင့် အောင်မြင်စွာ ထုတ်လုပ် ရောင်းချနိုင်ရန်၊ နိုင်ငံတော်နှင့် စက်ရုံဝန်ထမ်းများ အကျိုးရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆက်လက်လုပ်ဆောင်ရန် တိုင်ပင်ဆွေးနွေးခဲ့ပါသည်။
၂၈.၂.၁၈ရက်နေ့တွင် “ကစလ(၂)” နှင့် ̏ MEB Group” တို့သည် နှစ်ရှည်ငှားရမ်းရေး စာချုပ်ချုပ်ဆိုခြင်း မတိုင်မီ ̏ဆွေးနွေးသဘောတူညီမှုစာလွှာ” Agreement On Discussion(AOD) ကို နေပြည်တော်တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ AOD သက်တမ်းမကုန်ဆုံးမီ နှစ်ရှည်ငှားရမ်းစာချုပ် ချုပ်ဆိုခြင်းပြုလုပ်ရမည်ဖြစ်ပါသည်။
ထိုသို့ဆွေးနွေးတိုင်ပင်လက်မှတ်ရေးထိုးပြီးနောက် လုပ်ငန်းတူတိုင်းရင်းသား ကုမ္ပဏီ(၁၅)ခု၏ မြန်မာနိုင်ငံသား လုပ်ငန်ရှင်များသည် အတူတကွ ပူးပေါင်းစွန့်စားလိုစိတ်၊ အောင်မြင်မှုကို အတူတကွ မျှဝေခံစားလိုစိတ်၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ကြွေသီးနှင့်ပိုလီမာ စက်ရုံတစ်ခုအဖြစ် နိုင်ငံဂုဏ်ဆောင်လိုစိတ် တို့ဖြင့် “မြန်မာ့လျှပ်စစ်စီးပွားရေး အဖွဲ. အများနှင့်သက်ဆိုင်သောကုမ္ပဏီ ”(Myanmar Electrical Business Group Public Co., Ltd. MEB Group) ကို နိုင်ငံသားစီးပွားရေး စွမ်းဆောင်ရှင်များမှ တည်ထောင်ရန် တက်ကြွဆုံးဖြတ်ခဲ့ပါသည်။
Who we are
စက်မှုဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်ရန် အမှတ်(၃၅) ကြွေသီး ထုတ်လုပ်ရေး စက်ရုံသည် အောက်ဖေါ်ပြပါ အချက်များအား အခြေခံ၍ အဓိကထား လုပ်ဆောင်ရန် ရည်ရွယ်ထားပါသည်။
Myanmar Electrical Business Group အဖွဲ့ဝင်များသည် Ceramic Insulator ရောင်းချဖူးသော အတွေ့အကြုံနှစ်နှစ်ဆယ်ကျော်ရှိခြင်း၊ Ceramic Insulator စက်ရုံသို့ သွားရောက်လေ့လာဖူးခြင်း၊ လျှပ်စစ်နှင့်ဆက်စပ်ပစ္စည်း ထုတ်လုပ် ရောင်းချမှု အတွေ့အကြုံများရှိခြင်း၊ Market Leader အဖြစ်ဈေးကွက် ဦးဆောင်နိုင်ခြင်း၊ Privatization လုပ်ဆောင်ခဲ့ဖူးသော အတွေ့အကြုံရှိခြင်း၊ Global Brand များ၏ Licensed Partners များဖြစ်ခြင်း၊ စုပေါင်းအားဖြင့် အရင်းအနှီးများ မြန်ဆန်စွာ စိုက်ထုတ်နိုင်ခြင်း၊ စွန့်စားမှုကို အတူတကွမျှဝေနိုင်ခြင်းတို့ကြောင့် အောင်မြင်သော တိုင်းရင်းသား လျှပ်စစ်လုပ်ငန်းရှင် များသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော နိုင်ငံတကာအဆင့် အရည်အသွေးမြင့် ကြွေသီးနှင့်ပိုလီမာလျှပ်ကာပစ္စည်းများကို ထုတ်လုပ်သည့် ဦးဆောင် ကုမ္ပဏီဖြစ်စေရန် ပြင်းထန်သော ခံယူချက်ရှိပါသည်။ Myanmar Electrical Business Group သည် လျှပ်စစ် စက်မှုလက်မှု ထုတ်လုပ်မှုလုပ်ငန်းများ၊လျှပ်စစ်နှင့် သက်ဆိုင်သော ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်မှု အဆင့်တိုင်း၌ အဆင့်မြင့်နည်းပညာများကို အသုံးပြုထုတ်လုပ်နိုင်ရန်အဓိက ဖော်ဆောင်၍ဖွဲ့စည်းထားပါသည်။ ကျွန်တော်များအဖွဲ့သည် Transmission & Distribution နှင့်ဆိုင်သော လိုင်းပစ္စည်းများ၊ စက်ရုံသုံး လျှပ်စစ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျှက်ရှိပြီး ပြည်တွင်းဈေးကွက်၏ ၉၀% အားဖြန့်ဖြူး ရောင်းချပေးနေသော ကုမ္ပဏီ(၁၅)ခုမှ အောင်မြင်သော လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပါသည်။ ထို့အပြင်အောင်မြင်သော အဖွဲ့အစည်းများ၏ အဓိက အားသာချက်များ ဖြစ်သည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လိုအပ်သော အရင်းအနှီးများအား လိုအပ်သလို အချိန်မဆိုင်းပဲ ဖြည့်တင်းနိုင်ခြင်း၊ မြန်ဆန်သည့် ဆုံးဖြတ်ချက်များပေးနိုင်ခြင်း၊ ပြည်တွင်းပြည်ပမှ နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ခြင်းတို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ချက်၊ ခံယူချက်များဖြင့် ဖွဲ့စည်းထားပါသည်။
Who are business partners